ဒီဇာတ်ကားလေးမှာတော့ ချောဟွန်းနဲ့ မီအင်းတို့က မကြာခင်မှာ လက်ထပ်တော့မယ့် သမီးရည်းစားတွေပေါ့။ ချောဟွန်းရဲ့အဖေက တက္ကသိုလ်က ပါမောက္ခတစ်ယောက်ဖြစ်ပြီး မီအင်းနဲ့ ချစ်ကြိုက်ဖူးသလိုရှိခဲ့တဲ့ ဇာတ်လမ်းမျိုး၊ ချောဟွန်းရဲ့ အမေကလည်း အိမ်ထောင်ရေး ဖောက်ပြန်ချင်သလိုတွေ ဖြစ်နေတာမျိုးပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ ချောဟွန်းက ကားအက်ဆီးဒင့် ဖြစ်သွားပြီး အောက်ပိုင်းသေသွားတဲ့အခါမှာ မီအင်းက ချောဟွန်းအပေါ်မှာ အရင်လို ဆက်ချစ်နေနိုင်ပါဦးမလား၊ ဒါမှမဟုတ် ငယ်ချစ်ဦးဖြစ်တဲ့ ချောဟွန်းရဲ့အဖေ ပါမောက္ခကြီးနဲ့ပဲ နှစ်ပါးသွားကြမလားဆိုတာကို အိမ်ထောင်ရေး ဖောက်ပြန်ကြတဲ့ ဇာတ်ဝင်ခန်းတွေ အများကြီးပါတဲ့ ဒီဇာတ်ကားလေးမှာ ကြည့်ရှုနိုင်ပါတယ်။