Asian
Jan Dara: The Finale (2013)
Jandara :The Finale ဟာ ပထမဇာတ်ကား Jandara the begining (၂၀၁၂) ရဲ့
မပြီးသေးတဲ့ အဆက် ဖြစ်ပြီး အရင် ဇာတ်ကားထက် ပိုစိတ်ဝင်စားစရာ ကောင်းလာပါတယ်။ဂျန်ဒါရာ အနေနဲ့အသက်ကြီး လာပြီး သူ့အိမ်တော်ကြီးကို ပြန်လာခဲ့တယ်။
သူ့အဖေ အရင်းဟာ ဘယ်သူဘယ်ဝါ ဆိုတာ ရှာဖွေတွေ့ရှိခဲ့ပြီးမှပြန်လာတာပါ။
သူ့အနေနဲ့ ကလဲ့စားခြေပြီး Luang Vissanun-decha ရဲ့ လုပ်ပိုင်ခွင့်တွေကို ပြန်လည်
ချေဖျက်ဖို့ ကြိုးစားလာပါတော့တယ်။
အသေးစိတ် ထပ်ပြောပြရရင်တော့ အိမ်ကစွန့်ခွာခဲ့ရတဲ့ Jan Daraဟာ
ကျေးလက်ရွာတစ်ရွာမှာ အဘွားဖြစ်သူနဲ့ သွားအခြေချနေထိုင်ခဲ့ပါတယ်။
ဒီအချိန်မှာ Janရဲ့ ညီမနှစ်ဝမ်းကွဲ ကလည်း ပြဿနာတစ်ခုနဲ့ ကြုံတွေ့လာရပါတယ်။
ဒါကို Janက အခွင့်ကောင်းယူ ပြီး လက်စားချေဖို့ ကြိုးစားတာပါ။
သူ့ဘဝကို ရှင်လျက်ငရဲကျအောင် လုပ်ခဲ့တဲ့ လူတွေကိုပေါ့။ကဲ…..ချစ်ခြင်းမေတ္တတရား တွေ ကာမဂုဏ်တွေ သူငယ်ချင်းရဲ့
ပံ့ပိုးမှုတွေက သူ့ကို ရှင်လျက်သေစေခဲ့တဲ့အရာတွေကို
ပြန်ကလဲ့စားခြေ ရာမှာ ထောက်ပံ့ပေးနိုင်ပါ့မလား?လက်စားခြေ ဖို့ ဘယ်လို အခွင့်အရေး တွေ ရခဲ့သလဲ?ဘယ်လို စီမံ ခဲ့သလဲဆိုတာကတော့….။မာရီယိုပရိတ်သတ်တွေလဲ မာရီယိုရဲ့စကေးတွေကို လက်လွတ်မခံသင့်သလို လူ့သဘောမနောအမှောင်ခြမ်းတွေအကြောင်းလဲ ဖော်ပြထားတာကြောင့် ပညာပေးဇာတ်လမ်းအဖြစ်လဲ လက်လွတ်မခံသင့်ပါဘူး။
