မဖြစ်နိုင်တော့လို့ အတိတ်မှာချန်ထားရစ်ခဲ့ရတဲ့ အဲ့ဒီတစ်စုံတစ်ယောက်နဲ့ နောက်ထပ်တစ်ညတာ အတူဖြတ်သန်းခွင့်ရခဲ့မယ်ဆိုရင် ခင်ဗျားအနေနဲ့ဘယ်လိုဆုံးဖြတ်ကြမလဲ? တစ်ရှိုက်မက်မက်တမ်းတနေခဲ့တဲ့ သာယာမှု၊ အထိအတွေ့ အချစ်ဦးဆိုတဲ့ညံ့သက်တဲ့ခံစားချက်တွေကိုတစ်ညတာ ပြန်လည်ရရှိဖု့ိ တစ်သက်လုံးကြိုးစားတည်ဆောက်ခဲ့ရတာတွေနဲ့ လဲလှယ်ပစ်ဖို့အဆင်သင့်ရှိပါ့မလား? Jen ကပေါ်တင်ဝန်ခံထားတဲ့လိင်တူလိင်ကွဲနှစ်မျိုးလုံးစိတ်ဝင်စားတဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး သူ့ပါတနာ James ကတော့ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ချို့နဲ့မြို့သားလူငယ်တစ်ယောက်ပါပဲ၊ တစ်ယောက်ချို့ယွင်းချက်ကိုတစ်ယောက်ဖြည့်ဆည်းဖာထေးကြရင်း နှစ်ယောက်ပေါင်းရှေ့သွားနောက်လိုက်ညီကြပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် စိတ်ပြေလက်ပျောက်၊ဖိအားတွေနဲ့ဝေးရာကိုခဏ ပုန်းရှောင်တဲ့အနေနဲ့ Jen ရဲ့မွေးရပ်မြေနယ်မြို့လေးကိုခရီးထွက်လာကြပါတယ်။ အဲ့ဒီငြိမ်းချမ်းတိတ်ဆိတ်တဲ့နယ်မြို့လေးမှာ Jen ရဲ့အတိတ်၊ မေ့ဖျောက်ထားခဲ့တဲ့ အရိပ်တွေဟာ တဖန်ပြန်လည်နိုးထဖို့အသင့်ဖြစ်နေခဲ့ပါတယ်။ အဲ့ဒါကတော့ Jen ရဲ့ငယ်သူငယ်ချင်းလဲဟုတ်၊ ငယ်ချစ်ဦးလဲဖြစ်တဲ့ Marie ဆိုတဲ့ချစ်စဖွယ်မိန်းကလေးဟာ သူတို့နှစ်ယောက်လုံးရဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့ Al နဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့အချိန်ကိုက်ဖြစ်နေလို့ပါပဲ။ တစ်ချိန်မှာဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ မဖြစ်နိုင်လို့ ချန်ထားခဲ့တဲ့ အတိတ်ဟာ သူတို့ရဲ့ ပစ္စပ္ပုန်နဲ့တကွ လက်ရှိသက်ဆိုင်သူတွေရဲ့ဘဝထဲကိုပါ ဘယ်လိုရိုက်ခတ်သက်ရောက်လာမလဲ ဆိုတာဆက်ရှုစားစေချင်ပါတယ်..