Vacance

ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်ကိုးရီးယားမှာပြည့်တန်ဆာလုပ်ငန်းတွေလူကုန်ကူးတာတွေမကောင်းမှုဒုစရိုက်တွေခေတ်ထနေတဲ့အချိန်ပေ့ါ။လူဆိုးဂိုဏ်းတခုမှာ အဖမ်းခံထားရတဲ့ချစ်သူကိုသွားကယ်တဲ့ဂျွန်ဆန်းဟာလူဆိုးတွေရဲ့ညင်ပန်းနှိပ်စက်မှုကိုခံရပြီးခြေထောက်တဖက်အကြောဖြတ်ခံလိုက်ရပါတယ်။ဂျွန်ဆန်းရဲ့ချစ်သူဟာလည်းမျက်လုံးတဖက်ဓါးနဲ့အလှီးခံလိုက်ရတယ်။နောက်ငါးနှစ်ကြာတဲ့အချိန်မှာဂျွန်ဆန်းတို့စုံတွဲဟာသူတို့ကိုနှိပ်စက်ခဲ့တဲ့လူဆိုးဂိုဏ်းကခေါင်းဆောင်သုံးယောက်ကိုလက်စားချေဖို့အတွက်မိန်းကလေးသုံးယောက်ကိုငှားရမ်းခဲ့ပါတော့တယ်။ထိုသုံးယောက်ကတော့ရုပ်ရှင်စတားဂျေဘင်းယောကျာ်းတွေကိုမြူဆွယ်ရာမှာတော်တဲ့ဟေရင်းနဲ့ရည်စားပွေရှုပ်တဲ့ဟန်ယူဟီးတို့ပဲဖြစ်ပါတယ်။ထိုသုံးယောက်ကဘယ်လိုလက်စားချေကြမယ်ဆိုတာကိုကြည့်ရှုကြပါဦး။စကားလုံးများနှင့်ဇာတ်ဝင်ခန်းများသည်အသက်မပြည့်သေးသောသူများများကြည့်ရှုရန်မသင့်တော်ပါ။