ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းအရာတွေကိုရိုက်ကူးထားတဲ့ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။သမီးမိန်းကလေးတစ်ယောက်ဖျက်ဆီးခံလိုက်ရတဲ့မိဘတစ်ယောက်ရဲ့ရင်ထဲမှာဘယ်လိုဆို့နှစ်မှုတွေရှိနေမလဲ။တာဝန်မဲ့တဲ့ယောက်ျားတစ်ယောက်ရဲ့ဥပေက္ခာတွေကိုခါးစီးပြီးခံနေရတဲ့မိန်းမတစ်ယောက်ဘယ်လိုရပ်တည်နိုင်မလဲဆိုတာတွေးကြည့်ရင်တောင်ကြောက်စရာကောင်းပါတယ်။ဒီကားလေးက18+လို့ပြောထားပေမဲ့လိင်အသားပေးခန်းတွေကိုချည်းပဲရိုက်ကူးထားတာမဟုတ်ပဲဒီဘက်ခေတ်လူငယ်တွေမမှားသင့်တာမမှားရအောင်ပုံဖော်ထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။