Jav
Thirst
ကိုရီယားသွေးစုတ်ဖုတ်ကောင်ကားအလန်းစားလေးနဲ့မိတ်ဆက်ပေးပါရစေ။ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဟာလောကကြီးတစ်ခုလုံးလှပအေးချမ်းစေချင်တာသူ့ဆန္နပါ။သေခါနီးလူနာတွေအပေါ် စိတ်သာယာမှုကလေးဖြစ်အောင်ဘုရားရဲ့ဒေသနာတော်တွေနဲ့နှစ်သိမ့်မယ်။ဗိုင်းရပ်စ်တွေကြောင့်သေဆုံးနေရတဲ့လူတွေအတွက်ကောက်ရိုးတစ်မျှင်နွယ်တစ်ပင်ပဲဖြစ်ခဲ့ဖြစ်ခဲ့ကူညီပေးမယ်ပေါ့။ဖြေဆေးမရှိတဲ့ရောဂါတစ်ခုအတွက်စမ်းသပ်ဖို့သူ့ခန္ဓာကိုယ်အားပေးအပ်ခဲ့ပါတယ်။သူဟာဒီရောဂါကိုပထမဆုံးကာကွယ်နိုင်သူတစ်ဦးဖြစ်လာခဲ့ပေမယ့်စမ်းသပ်မှုကနေ Vampire ဗိုင်းရပ်စ်တွေသူ့ကိုယ်ထဲကိုရောက်လာတော့တာပဲ။သွေးတွေလိုအပ်လာပြီဆိုမခံမရပ်နိုင်အောင်ခန္နာဟာပူလောင်လာတယ်။အဖုအပိန့်တွေထွက်ပေါ်လာတယ်။ဒွါရပေါက်တွေကနေသွေးတွေယိုစီးလာတယ်။ဆေးရုံကကိုမာ(Coma)ဖြစ်နေသူတွေရဲ့သွေးတွေကိုခိုးကြောင်ခိုးဝှက်လိုက်စုပ်နေရပြီ။သွေးအားတွေများပြည့်သွားပြီဆိုအပေါ်ခုန်ရပျံရတာပျော်စရာ။ဆင်ခြင်ဉာဏ်အမျိုးမျိုးနဲ့သွေးစုပ်ဗိုင်းရပ်ရဲ့နှိပ်စက်မှုဒဏ်ကိုခံနိုင်ခဲ့ပေမယ့်အဲ့အရာထက်ဆိုးတဲ့ရောဂါတစ်မျိုးကအပေါ်ယံအလွှာတွေမာထည်လှတဲ့ကိုယ်ကျင့်တရားတွေကိုဖြတ်ကျော်ပြီးနှလုံးသားအတွင်းသားဆီကိုဝင်ရောက်လာတာအချစ်ပါပဲ။သူ့ရဲ့တရားဓမ္မကိုကြည်ညိုတဲ့မိသားစုထဲကမိန်းမကြီးရဲ့ချွေးမကလေးပေါ် မေတ္တာသက်ဝင်သွားမိတာသူ့ရဲ့ထားရှိရမယ့်ကိုယ်ကျင့်တရားတွေလုံးဝလုံးဝပျက်သုဉ်းသွားတော့တာပါပဲ။အမြဲတမ်းအဆုတ်ရောဂါရနေပြီးနှာစေးနေတဲ့ဆွေမျိုးမကင်းတဲ့ယောက်ျားနဲ့သည်းခံပေါင်းဖက်နေရပြီးထည်ဝါလွန်း၊မောက်မာလွန်းတဲ့အဒေါ်ဝမ်းကွဲယောက္ခမကြီးအောက်မှာနေရတဲ့လိုအပ်ချက်တွေပျောက်ဆုံးနေရရှာတဲ့လှတပတကောင်မကလေးရဲ့သူ့အပေါ် ချဉ်းကပ်လာတဲ့ရမ္မက်နဲ့ဆိုင်တဲ့ ကောက်ကြောင်းအနံ့အသက်ကလေးတွေကိုနှစ်ခြိုက်မိတဲ့အချိန်မှာတော့ဘာတွေဆက်ဖြစ်မလဲ၊ဘယ်လိုပြီးဆုံးသွားမလဲ၊#4170;ကြည့်ပြီးမှပဲသိနိုင်ပါလိမ့်မယ်။18+ အခန်းတွေသောက်သောက်လဲပါတာကြောင့်မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး။
