The Scent

မင်းသမီး Park Si‑yeon ကိုဒီဇာတ်ကားထဲမှာညှို့အားပြင်းဇာတ်ဆောင်အဖြစ်တွေ့မြင်ရမှာပါ။မင်းသားကတော့ Hee‑soon Park ပါ။ဒီဇာတ်ကားကိုကြည့်ပြီးရင်မင်းသမီး Park Si‑yeon ကိုမှတ်မှတ်ရရရှိသွားဖို့များပါတယ်။စုံထောက် Kang Seon‑woo ဟာ အိမ်ထောင်ရေးပြသနာတွေကိုဖြေရှင်းပေးနေတဲ့အလွတ်စုံထောက်အလုပ်ကိုတစိုက်မတ်မတ်လုပ်သူပါ။တစ်နေ့မှာတော့ Kim Soo‑jin ဆိုတဲ့အမျိုးသမီးတစ်ယောက်ရောက်လာပြီးသူ့ယောက်ျားဖောက်ပြန်နေကြောင်းနဲ့အဲ့ဒီ့အတွက်စုံစမ်းစစ်ဆေးမှုလုပ်ဖို့အလုပ်တစ်ခုလာအပ်ပါတယ်။စုံစမ်းစစ်ဆေးဖို့သွားကြတဲ့ညမှာပဲစုံထောက် Kang Seon‑woo တစ်ယောက်မိန်းမမာယာနဲ့လုပ်ကြံခံလိုက်ရပါတယ်။သူနှိုးလာတော့ သူ့ဘေးမှာအလောင်းနှစ်လောင်းနဲ့အရှုပ်ထုပ်ထဲချောက်ကျပြီဆိုတာသိလိုက်ရပါတယ်။ဒီကိစ္စကိုဖြေရှင်းကိုအစွမ်းကုန်ကြိုးစားရင်းမင်းသမီး Park Si‑yeon နဲ့အပြိုင်အဆိုင်သူနိုင်ကိုယ်နိုင်ကျဲကြရမယ့်ဇာတ်လမ်းမျိုးပါ။ဟာသမင်းသား Lee Kwang‑soo လဲပါဝင်ထားတာကြောင့်ဇာတ်လမ်းကသွက်ပါတယ်။ဇာတ်လမ်းကတော့အတော်စိတ်ဝင်စားဖို့ကောင်းတဲ့18+စုံထောက်ဆန်ဆန်ဇာတ်လမ်းမျိုးပါ။