ဇာတ်ကားကAdult Section မှာ IMDb Rating 8.0 ကျော်တာကြောင့်တမူထူးခြားနေတဲ့၁၈+ တကားဆိုတာကိုတော့ပရိတ်သတ်ကြီးကြည့်သင့်မကြည့်သင့်ကို ပရိတ်သတ်ကြီးကပဲဆုံးဖြတ်လို့ရပါတယ်။ပြီးတော့1 Wins & 4 Nominationဆိုတော့ဘာပြောကောင်းမလဲဗျာဇာတ်လမ်းအကျဉ်းလေးကတော့၁၉၃၀ကာလကိုရီးယားမှာဂျပန်တွေကြီးစိုးနေတဲ့အချိန်ကိုရိုက်ကူးထားပြီးဆင်ခြေဖုံးရပ်ကွက်တခုကမိန်းမချောလေးဆိုကီးဟာတနေ့မှာဂျပန်အမျိုးသမီးလူကုံထံတယောက်ရဲ့အိမ်ဖော်အဖြစ်ငှားရမ်းခြင်းကိုခံရပြီးအစေခံအဖြစ်သွားရောက်လုပ်ကိုင်ခဲ့ပါတယ်။ဂျပန်လူကုံထံအမျိုးသမီးဟီဒီကို ဟာစည်းကမ်းကြီးပြီးစနစ်ဇယားကြီးသူတယောက်ဖြစ်ပြီးသူ့ရဲ့အစေခံကောင်မလေးရဲ့မထင်မှတ်ထားတဲ့လျှို့ဝှက်ချက်တစ်ခုကခါးပိုက်နှိုက်တယောက်ဖြစ်ခဲ့ဖူးပြီးတရားရုံးတင်ခံ တုန်းကစမူအကြိုက်ဂျပန်တရားသူကြီးကကောင်မလေးကိုဗလက္ကာယလုပ်ပြီးပိတ်လှောင်ခံခဲ့ရဖူးတာပါပဲ။ဒီလိုနဲ့တနေ့မှာဟီဒါကိုကသိသွားရာမှာသူတို့၂ယောက်ဘယ်လိုတွေစီစဉ်ပြီးဘယ်လိုတွေများဆက်လက်လှုပ်ရှားကြမလဲဆိုတာကိုတော့ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်ရှူလိုက်ကြပါ။