ဇာတ်လမ်းလေးကတော့ဖန်ဟာဆင်းရဲတဲ့မိသားစုကနေပေါက်ဖွားလာတဲ့သူတယောက်ဖြစ်ပြီးတော့အိမ်ကအနိုင်နိုင်ကျောင်းထားပေးနေရတယ်တနေ့မှကျောင်းမှာရန်ဖြစ်ပြီးကျောင်းထုတ်ခံလိုက်ရတဲ့အခါမှာ နေမကောင်းတဲ့အမေလည်းရှိနေတဲ့အတွက်မဖြစ်မနေပိုက်စံရှာရမယ့်အနေအထားဖြစ်လာတယ်။အဲ့ဒီအချိန်မှာပဲကလပ်ပိုင်ရှင်ဖြစ်တဲ့သူ့အမဝမ်းကွဲနဲ့ချိတ်ဆက်မိပြီးတော့ယောက်ျားပျော်တော်ဆက်(ပြည့်တန်ဆာ)ဘဝကိုရောက်သွားခဲ့ရတယ်။ (သနားစရာယောက်ျားတို့ဘဝကိုအဲ့ဒီမှာမြင်တွေ့ကြမှာပါ.😜) ပိုက်စံရှိပြီးတော့အိမ်ထောင်ရေးအဆင်မပြေတဲ့မိရှဲကဖန်ရဲ့ဆက်ဆံမှုတွေအပေါ်မှာစွဲလန်းသွားခဲ့တယ်။ဖန်ကလည်းအဲ့ဒီလိုကိစ္စတွေဘက်မှာအတော်ကိုကျွမ်းကျင်အောင်အချိန်ယူပြီးလေ့ကျင့်ခဲ့တာပါ။ဖန်ဟာပြည်တန်ဆာဘဝမှာအတော်အောင်မြင်လာခဲ့ပြီးတဲ့နောက်မှာ ဒါရိုက်တာကလိုဝီကဖန်ကိုအင်တာဗျူးတစ်ခုမှာအကြိုက်တွေ့သွားပြီးမင်းသားလုပ်ဖို့ကမ်းလှမ်းလာခဲ့တယ်။ဖန်ဟာကလိုဝီကိုတကယ့်အချစ်စစ်နဲ့ချစ်သွားခဲ့တယ်။ဖန်ကလည်းယောက်ျားပြည့်တန်ဆာလောကထွက်နိုင်ဖို့ ကြိုးစားခဲ့တယ်။နောက်ပိုင်းမှာမိရှဲဟာကလိုဝီရဲ့မိထွေးမှန်းသိသွားတဲ့အခါမှာတော့မိထွေးနဲ့သမီးကြားဖန်တယောက်ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဇာတ်ကားမှာဆက်လက်ကြည့်ရှုကြပါ (18+) အခန်းများပါဝင်တဲ့အတွက် မိ့သားစုနဲ့အတူမကြည့်ဖို့သတိ့ပေးပါရစေ။အရမ်းကြည့်လို့ကောင်းပါတဲ့ကားတစ်ကားဖြစ်ပါတယ်။