ကိုရီးယား18+အက်ရှင်ဒရာမာကားလေးတစ်ကားပါ။ကိုရီးယား Gang တစ်ခုအပေါ်အမှီပြုပြီးဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။အခက်အခဲတွေအများကြီးကြားထဲကနေနောက်ဆုံးလူမိုက်ဂိုဏ်းတွေရဲ့ထုံးစံအတိုင်းဂိုဏ်းကြီးမားတာနဲ့အမျှတရားဝင်စီးပွားရေးလုပ်ငန်းလုပ်ဖို့တာဆူလာကြတာပါပဲ။ဒီလိုနဲ့စီမံကိန်းအကောင်အထည်ဖော်ဖို့ရန်အတွက်သေချာစီစဉ်အကွက်ချလုပ်ခဲ့ကြပေမဲ့ကံတရားကတော့မျက်နှာသာမပေးဘဲလွဲချော်မှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ကိုယ်မွေးတဲ့မျောက်ကကိုယ့်ပြန်ခြောက်တဲ့အခါမှာတော့အားလုံးခဲလေသမျှသဲရေကျဖြစ်သွားရတော့တာပါပဲ။ဒီလိုနဲ့ဒုစရိုက်ဂိုဏ်းနဲ့ပတ်သက်ဆက်စပ်မိပြီးနောက်ပြန်လည်ရုန်းထွက်နိုင်ပါမလား။ဘယ်လိုကြောင့်ဒီလိုဖြစ်သွားရတာလဲ။ကိုယ်ချစ်တဲ့တဲသူနဲ့အတူနေနိုင်ဖို့လူတိုင်းကြိုးစားကြပေမဲ့နှစ်ဖက်ပြိုင်ဆွဲကြတဲ့အခါ ဘယ်လိုဖြစ်ကုန်ကြမလဲဆိုတာတော့ကိုရီးယားလူမိုက်ဂိုဏ်းအချင်းချင်းကြားကပက်ပက်စက်စက်တိုက်ခိုက်မှုအလန်းစားတွေနဲ့အတူ ကြည့်လိုက်ကြပါဦးဗျာ။၁၈+ အခန်းတွေဖောဖောသီသီပါဝင်တဲ့အတွက်မိသားစုနဲ့တော့မကြည့်သင့်ပါဘူး။