Koung Xiu ဆိုတဲ့ကောင်လေးကိုသူ့လုပ်ဖော်ကိုင်ဖက်တွေကရွှေအေးဂျင့်လို့ခေါ်ကြတယ်။သူကဖက်ရှင်ဒီဇိုင်းကုမ္ပဏီတစ်ခုရဲ့ဒီဇိုင်းဌာနမှာလုပ်တာပါ။နေပုံထိုင်ပုံရိုးအလို့သူ့ကိုခင်ကြပါတယ်။ရွှေအေးဂျင့်တိတ်တိတ်လေးကြိုက်နေတာကသူတို့ဌာနရဲ့ဒီဇိုင်နာမလေးဖွင့်လည်းမပြောရဲဘူးဒီဇိုင်နာမလေးကလည်းဌာနမှုးနဲ့တရင်းတနှီးအလုပ်လုပ်ရင်းဌာနမှုးအပေါ်မှာစိတ်တွေယိုင်နေတာရွှေအေးဂျင့်သူ့ကိုကြိုက်နေမှန်းလည်းမသိသေးဘူး။ဌာနမှုးနဲ့ဒီဇိုင်နာမလေးငြိလုငြိခင်မှာရွှေအေးဂျင့်ကချစ်ခွင့်ပန်လာပြီးတဲ့နောက်မှာတော့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာဇာတ်လမ်းထဲမှာဝင်ကြည့်ကြပါ။