မတ်မတ်ဆိုးရီဂျင်း Blue Dragon Award ဆု ယူခဲ့တဲ့ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးက18+ပါ။မတ်မတ်တို့ကြမ်းထားရမ်းထားတာတော့မဟုတ်ပေမယ့်အိမ်ထောင်ရေးကားဖြစ်တဲ့အလျောက် sexအသုံးအနှုန်းတွေနဲ့တစ်ချို့အခန်းအနည်းငယ်ကြောင့်ပါ။မိသားစုနဲ့အတူ မကြည့်သင့်ပါဘူး။ဇာတ်လမ်းလေးကတော့ဒီလိုပါ။ကျွန်တော့နာမည်ဒေါ့ခွန်း သူကျွန်တော်တို့ရုံးမှာအလုပ်လာလုပ်တုန်းကသူနဲ့စတွေ့ခဲ့တယ်။အဲ့အချိန်တုန်းကသူ့နားမှာတခြားသူတွေ ဝိုင်းဝိုင်းလည်နေလို့သူနားကပ်ဖို့အခွင့်အရေးတောင်မရခဲ့ပါဘူး။သူ့နာမည်က ဂျူအန်နာဒီလိုနဲ့တစ်ခုသောနွေဦးရာသီလေးမှာကံကောင်းထောက်မစွာနဲ့သူနဲ့ ပြန်တွေ့ခဲ့တယ်။ဒီအခွင့်အရေးကိုတော့ကျွန်တော်လက်လွတ်မခံတော့ပါဘူး။ကျွန်တော်တို့ချစ်သူတွေဖြစ်ခဲ့ကြတယ်။သူနဲ့ကျွန်တော်ကစရိုက်ချင်းလုံးဝမတူဘူးသူကဘဝကိုပျော်ပျော်နေမယ်ပေါ့ပေါ့ပါးပါးဖြတ်သန်းမယ်တညလုံးဘော်ဒါတွေနဲ့သောက်ရင်သောက်နေမယ်မနက်မှအိမ်ပြန်ရင်ပြန်လာမယ်။တခြားသူနဲ့တွဲချင်လည်းတွဲမယ်အဲ့လိုမိန်းကလေးကိုကျွန်တော်ဘယ်လိုယုံရမလဲ။ကျွန်တော့စဥ်းစားကြည့်တယ်သူ့အဲ့လိုလုပ်နေတာတွေရပ်တန့်သွားအောင်လုပ်ဖို့တစ်ခုတည်းသောနည်းကတော့သူ့ကိုလက်ထပ်လိုက်တာပဲ။ဒါဆိုရင်သူခြေချုပ်မိသွားမယ်။ဒါတွေလုပ်တော့မှာမဟုတ်ဘူး။ဒီလိုနဲ့ကျွန်တော်တို့လက်ထပ်လိုက်တယ်။အပျော်ဆုံးကာလတွေပေါ့တစ်နေ့မှာတော့ကျွန်တော့ဘဝထဲမုန်တိုင်းတိုက်သလိုဖြစ်ရတဲ့ကိစ္စကြီးပေါ်လာခဲ့တယ်။သူကပြောတယ်သူမှာတခြားတစ်ယောက်ရှိနေပြီးသူ့ကိုလက်ထပ်ချင်ပါတယ်တဲ့။ကဲဘယ်လိုလဲစိတ်ဝင)#4154;စားသွားပြီလားစိတ်ဝင်စားရင်ဒေါင်းကြည့်လိုက်ရအောင်။