Love Conquest

18+အချစ်ဟာသကားကြိုက်တဲ့သူတွေအတွက်အချစ်ခန်းတွေလည်းကြည့်ရရီလည်းရီရမယ့်ဇာတ်ကားလေးလာပါပြီ။ဇာတ်လမ်းကတော့အချစ်ရေးမှာအမြဲရှုံးနေရတဲ့ဒုန်းဆော့ဆိုသူကသူအချိန်အတော်ကြာတစ်ဖက်သတ်ချစ်ရတဲ့ကောင်မလေးဟီယွန်းကိုဖွင့်ပြောဖို့ကြိုးစားရာကနေကောင်မလေးကတခြားလက်မြန်တဲ့သူနောက်ပါသွားခဲ့ရာကစပါတယ်။၅နှစ်ကျော်တစ်ဖက်သတ်ချစ်ရသူတခြားသူနောက်ပါသွားပြီးစိတ်ဓါတ်ကျနေတဲ့ဒုန်းဆောကကျောင်းနေဖက်စီနီယာဖြစ်သူအလုပ်လက်မဲ့ဆောင်းဖြောင်းဆိုတဲ့လူနဲ့ဆုံပြီးတဲ့နောက်မှာသူကံကြမ္မာကပြောင်းလဲဖို့ဖြစ်လာခဲ့ပါတယ်။ဆောင်းဖြောင်းရဲ့မိတ်ဆက်ပေးမှုနဲ့ Adventure Mဆိုတဲ့ရည်းစားရှာဖွေရေးအချစ်ရေးဝန်ဆောင်မှုWebsiteကိုစာရင်းသွင်းလိုက်ရာကနေသူဘဝထဲကိုမြိုယောင်းဆိုတဲ့မိန်းမချောလေးတစ်ယောက်ကလည်းဝင်ရောက်လာပါတယ်။မြိုယောင်းနဲ့သူဘယ်လိုခရီးဆက်ကြမလဲ။အချစ်ဦးဟီယွန်းနဲ့ကောဆုံနိုင်ပါ့မလား။ဖုန်းထဲကနေတစ်ဆင့်ညွှန်ကြားချက်တွေပေးနေတဲ့ Adventure M ဆိုတဲ့လမ်းညွှန်ပေးတဲ့သူကကောဘယ်သူဖြစ်လာမလဲ။စိတ်ဝင်စားဖို့ကောင်းသလို ရီလည်းရီရတဲ့18+ကားလေးတစ်ကားပါ။အချစ်အတွက်ရှုံးနေတဲ့သူတွေ၊အသဲကွဲနေတဲ့သူတွေကြည့်ပြီးမိန်းကလေးတွေရဲ့သဘောကိုနားလည်အောင်လေ့လာလို့ရပါတယ်။18+သီးသန့်မဟုတ်ပဲဇာတ်လမ်းသွားလေးနဲ့Roဆန်ဆန်ကြည့်ချင်တယ်ဆိုရင်တော့ဒီကားလေးကိုကြည့်ဖို့တိုက်တွန်းပါရစေ။