ဒီဇာတ်လမ်းလေးကတော့ သိုင်းသင်ရင်း ကိုယ်ခံပညာအဆင့်မြင့်သွားတဲ့ကောင်မလေးတစ်ယောက်အကြောင်းပါ အခုတလော မိန်းမလှလေး တို့အိမ်နားမှာ လူဆိုးသူခိုးတွေအရမ်းပေါလာတာကြောင့် သူမတို့အိမ်ပြောင်းဖို့ ယောကျ်ားဖြစ်သူကို ပူဆာခဲ့ပါတယ် ဒါပေမယ့် သူမယောကျ်ား ဦးကပ်စေးကတော့ money သာ ပထမ money သာ ဒုတိယဆိုသလို မိန်းမသာအပါခံမယ် ငွေတော့အကုန်မခံနိုင်သူဖြစ်သမို့ ညှိမရဖြစ်နေပါတယ် ဒါကြောင့် မတတ်သာတဲ့အဆုံး အကြံကုန်ဂဠုန်ဆားချက်ဆိုသလို သူမဟာ အိမ်နီးနားချင်း ကိုယ်ခံပညာတတ်တဲ့ ဆရာတစ်ယောက်ကို အိမ်ခေါ်ပြီး ကိုယ်ခံနည်းမျိုးစုံကို နေ့စဉ်နှင့်အမျှ အားတိုင်းယားတိုင်း အထူးလေ့ကျင့်သင်ကြားနေပါတော့တယ်...