ကန်ဂျီဟာအလုပ်လက်မဲ့အိမ်ထောင်ကွဲအမျိုးသားတစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာသူ့ရဲ့အဖေဆီကသူရဲ့ရည်းစားဟောင်းဖြစ်သူနာအိုကိုမင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်းကိုကြားလိုက်ရပါတယ်။တကယ်တော့ကန်ဂျီနဲ့နာအိုကိုဟာမောင်နှမတစ်၀မ်းကွဲတော်စပ်တဲ့အတွက်မပေါင်းစပ်လိုက်ရတဲ့ချစ်သူတွေဆိုပိုမှန်ပါမယ်။နာအိုကို့ရဲ့မင်္ဂလာပွဲကိုသွားဖို့အတွက်ကန်ဂျီဟာသူ့ရဲ့ဇာတိမြေကိုပြန်လာခဲ့ပြီးနာအိုကိုနဲ့တွေ့ခဲ့ပါတယ်။နာအိုကိုကသူ့ဘ၀ရဲ့ခံယူချက်တစ်ခုကြောင့်သာအိမ်ထောင်ပြုမှာဖြစ်ပြီးစိတ်ကတော့ကန်ဂျီဆီမှာပဲရှိနေခဲ့ပါတယ်။သတို့သားဖြစ်သူကဗိုလ်တစ်ယောကါဖြစ်တဲ့အတွက်တာ၀န်ကျတဲ့နေရာကိုသွားနေချိန်ကန်ဂျီနဲ့နာအိုကိုတစ်ဖန်ဇာတ်လမ်းပြန်စပြီးဖောင်းဒိုင်းဖောင်းဒိုင်းတွေဖြစ်ပါတော့တယ်။သတို့သား ပြန်လာမယ့်ငါးရက်အတွင်းမှာကန်ဂျီနဲ့နာအိုကိုတို့ရဲ့အခြေအနေကတော့ဇာတ်ကားနာမည်အတိုင်းပါပဲ။