Jav
Innocent Thing
ဆရာကိုကြိုက်နေတဲ့ကျောင်းသူမလေးတစ်ယောက်ရှိပါတယ်။ ဆရာလုပ်တဲ့Jjang Hyukကိုရဖို့ မရမကဖျားရောင်းတာတွေကိုတလှေကြီးမြင်ရမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ရက်ဂီဘောသမားထွက်ဖြစ်တဲ့ ကင်ဂျန်ကီဟာယောက္ခမအကူအညီနဲ့ ကျောင်းတစ်ကျောင်းမှာကာယဆရာအဖြစ်အလုပ်၀င်လုပ်နေတယ်ေ။ကျောင်းဆရာဖြစ်ဖို့မသင့်တော်လောက်အောင်ချောလွန်းတဲ့သူ့ရုပ်ကြောင့်တပြည့်မတွေအကုန်လုံးဟာ သူ့ကိုအရူးအမူးဖြစ်နေကြတယ်။သူ့တပြည့်မတွေထဲကတစ်ယောက်ကတော့မတူပါဘူး။ယောင်းအွန်ကလိုချင်တာကိုရအောင်ယူတတ်တဲ့သဘာ၀ရှိတဲ့ကလေးမပါပဲ။ဇနီးလည်းရှိကလေးလည်းမွေးတော့မယ့်ဆရာကို ရဖို့ဆင်ကြံကြံဂေါ်ဇီလာကြံအထိကြံကုန်ပါတယ်။ကင်ဂျန်ကီကလည်းဒီညွတ်ကွင်းကနေမရုန်းနိုင်ပါဘူး။တပြည့်မလေးရယ်သူ့မိန်းမရယ်မွေးတော့မယ့်ကလေးရယ်ကြားမှာသူအကြပ်ရိုက်လာပါပြီ။သူရဲ့မပြတ်သားတဲ့ဆုံးဖြတ်ချက်တွေရဲ့နောက်ဆက်တွဲမှာဘာတွေဖြစ်မလဲတော့ကိုယ်တိုင်ပဲကြည့်ရှု့လိုက်ကြပါ။
