Hello my dolly girlfriend

ဇာတ်လမ်းအစမှာတော့စိတ်ဓါတ်ကျနေသောကောင်လေးတစ်ယောက်ပြေးရင်းလွှားရင်းတိုက်ပျက်ကြီးထဲရောက်သွားတဲ့အခါမှာလူနဲ့တူတဲ့အရုပ်မလေးကိုစတွေ့တာကနေစတာပါပဲ။ချောမောလှပတဲ့အရုပ်မလေးကလည်းအဲ့နေရာကိုဘယ်လိုရောက်နေတာလဲဆိုတာကတော့ဇာတ်လမ်းထဲမှာတွေ့မြင်ရပါမယ်။နောက်ပြီးထိုတိုက်ပျက်ကြီးထဲမှာဘိန်းဖြူတွေကိုသိမ်းဆည်းထားတဲ့လူတစ်စု၊ထိုလူတစ်စုကကောင်လေးကိုတွေ့ရှိသွားပြီးနှုတ်ပိတ်ဖို့ကြိုးစားချိန်မှာအရုပ်မလေးဟာအသက်ဝင်လာပြီးထိုကောင်လေးကိုကယ်တင်သွားတာကလည်းဒီဇာတ်ကားရဲ့ထူးခြားမှုပါပဲ။လူဆိုးတွေလက်ထဲကလွတ်မြောက်ပြီးနောက်အရုပ်မလေးကိုအိမ်ပြန်သယ်သွားတဲ့ကောင်လေးနေ့ဘက်မှာတော့အရုပ်မလေးအဖြစ်၊ညဘက်ရောက်တော့အသက်ဝင်လာတဲ့အရုပ်မလေးနဲ့ထိုကောင်လေးတို့ရဲ့အချစ်ရနံ့ထုံမွှန်းမှုတွေ18+ဆန်ဆန်အချစ်ဇာတ်လမ်းစသဖြင့်ပရိတ်သတ်တွေကိုမပျင်းမရိအောင်ဆွဲဆောင်သွားမယ့်ဇာတ်လမ်းလေးပါပဲ။18+ချည်းသက်သက်မဟုတ်ပဲအချစ်ဇာတ်လမ်းဆန်ဆန်ရိုက်ကူးထားတာကြောင့်ပရိတ်သတ်တွေအကြိုက်တွေ့မယ်လို့မျော်လင့်ပါတယ်။ ဇာတ်ကားလေးကြည့်ပြီးသွားရင် ပရိတ်သတ်တွေရင်ထဲအမျိုးအမည်နာမမသိတဲ့ဝေဒနာတစ်ခုကျန်ခဲ့ပါလိမ့်မယ်။ဇာတ်ကားက18+လောက်တင်မဟုတ်ပဲအလွန်ပင်သာလွန်သောကြောင့် 18++ လို့ညွှန်းလိုက်ချင်ပါတယ်။