Gun Woman

Japan  movies တွေထဲမှာ တော်တော်ကြမ်းတဲ့ ဇာတ်ကားပါ ပြီးတော့ ဇာတ်ကားရဲ့ story line နဲ့ plot twist တွေက half movies လို့တောင် မထင်ခြင်စရာပါပဲ နောက်တခုက သွေးသံရဲရဲ ခန်းတွေ ဆင်းရဲသားအခန်းတွေ ပေါပေါသောသော ပါတာမို့ ပုရိသအကြိုက်ကားတစ်ကားဖြစ်မယ်ဆိုတာတော့ ရဲရဲကြီးအာမခံရဲပါတယ်  ဇာတ်လမ်းအကျဉ်းလေးကတော့ ဆရာဝန် တယောက် တစုံတခုသောအကြောင်းတစ်ခုကြောင့် ကလဲ့စားခြေဖို့အာသီသပြင်းထန်နေတဲ့ဆရာဝန် အဲ့ဒီ ဆရာဝန်က ဘာကြောင့် အသဲအသန် ကလဲ့စားခြေဖို့ ဆာလောင်နေလဲ တနေ့ ကံတရားမျက်နှာသာပေးလာတော့ မိန်းမပျိုလေးတယောက်ကို ၀ယ်ပြီး ရက်စက်တဲ့ လူသတ်သမ ဖြစ်အောင် သေချာလေ့ကျင့်ပေးလိုက်တဲ့အခါမှာတော့ ကဲ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ပါ။