Guilty of Romance

စာရေးဆရာဖြစ်သူယောက်ျားကိုပါရမီဖြည့်တဲ့နေရာမှာအရမ်းတော်တဲ့ ၊ lzumiဆိုတဲ့အိမ်ရှင်မလေးဟာ မနက်တိုင်းမှာ ယောက်ျားဖြစ်သူအလုပ်သွားရင် နှုတ်ဆက်လေ့ရှိတယ်... ပြန်လာရင် ဖိနပ်လေးကိုညီနေအောင်စီထားတတ်တယ်... ယောက်ျားဖြစ်သူစာဖတ်နေရင် အနှောင့်အယှက်ဖြစ်မှာစိုးလို့ မလှုပ်မယှက် လေး ထိုင်နေတတ်တဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဟာ တစ်နေ့တော့ ပျင်းရိစရာကောင်းတဲ့တစ်နေ့တာကိုဖြတ်သန်းဖို့ အလုပ်တစ်ခုကိုရှာတဲ့အခါမှာ စူပါမားကတ်တစ်ခုမှာ အသားချောင်း ရောင်းရတဲ့အလုပ်ကိုရခဲ့ပါတယ်...။ ဒီလိုနဲ့ အရူးတစ်ယောက်လို စားသုံးသူတွေကိုအော်ခေါ်နေရတဲ့အလုပ်ကနေ Missတစ်ယောက်နဲ့တွေ့တဲ့အခါမှာတော့ သူ့ကို Model အလုပ်ကိုသွင်းခဲ့ပါတယ်... Model ကနေ actress ဆန်ဆန်ဖြစ်သွားပြီး professor တစ်ယောက် ၊ တစ်ဖြစ်လဲ ပြည့်တန်ဆာတစ်ယောက်ဖြစ်တဲ့ Mitsukiနဲ့ တွေ့တဲ့အချိန်မှာတော့ အိမ်ရှင်မလေးဘယ်လိုအပြစ်တွေကျူးလွန်မိလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။  18+movieကို horror နဲ့ စိတ္တဇဆန်ဆန်ဇာတ်ကွက်တွေကိုပါစဉ်းစားခန်းဝင်ပြီးကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ 18+အခန်းများပါဝင်တာကြောင့်အသက်မပြည့်သေးသောကလေးများမကြည့်သင့်ပါမိသားစုနှင့်လည်းအတူကြည့်ရန်မသင့်တော်ပါ။