Eungyo

ဇာတ်လမ်းကတော့ရှင်းရှင်းလေးပါပဲ။Lee Jeok-yoဟာ ၇၀၊ဝန်းကျင်လေးစားခံရတဲ့ကဗျာဆရာကြီးတစ်ယောက်ပါ။သူဟာ သူ့ရဲ့သုံးဆယ်ဝန်းကျင်တပည့်ဟောင်း တစ်ဦးဖြစ်တဲ့ Seo Ji-wooအလေးပေး ဂရုစိုက်ပါတယ်။ယောက်ျားနှစ်ဦးတည်းသာယာနေတဲ့ကမ္ဘာလေးကိုလှုပ်ခါဖို့ရောက်လာခဲ့သူကတော့၁၇ နှစ်အရွယ်အထက်တန်းကျောင်းသူလေး Han Eun-gyoငြိမ်သက်နေပြီလို့ထင်နေရတဲ့သူတို့ကိုယ်ထဲကရမ္မက်တွေဟာ သမီးအရွယ်၊ မြေးအရွယ်ကလေးမလေးအပေါ်ကိုမှထကြွသောင်းကျန်းလာတဲ့အခါဆရာတပည့်နှစ်ဦးရဲ့ဆက်ဆံရေးမှာအရင်လိုအပြန်အလှန်လေးစားမှုသံယောဇဉ်တွေကိုထောက်ထားနိုင်ကြဦးမလား။အသက် ၇၀အဘိုးကြီးနေရာကိုအပြင်မှာ၄၁ နှစ်အရွယ်မင်းသား Park Hae-illကမိတ်ကပ်လှည့်စားမှုနဲ့ပီပြင်စွာပုံဖော်ထားပြီးဒီဇာတ်ကားမှာမှပထမဆုံးပွဲဦးထွက်ဖြစ်တဲ့မင်းသမီးသစ်လေး Kim Go-eun ရဲ့သရုပ်ဆောင်မှုတွေကိုလဲအများကချီးကျူးပြီးဆုတွေအများကြီးသိမ်းပိုက်နိုင်ခဲ့ပါတယ်။