ယုဆိုတဲ့မိန်းမလှလေးဟာအချစ်ဦးနဲ့ လွဲခဲ့ရပြီး ကြမ်းတမ်းတဲ့ အတိတ်ဆိုးရဲ့ခြောက်လှန့်မှုကိုအခုချိန်ထိခံနေရတဲ့သူဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့သူဟာ လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ဦးအဖြစ်အသက်မွေးနေပြီးတစ်နေ့မှာတော့သူ့ကိုအလုပ်အပ်တဲ့မြေအောက်လလာကရဲ့ သြဇာရှိသူတစ်ယောက်နဲ့ ပတ်သက်မိပါတော့တယ်။အဲ႔ဒီလူအပ်လာတဲ့ ပစ်မှတ်နောက်ကိုလိုက်ရင်းငယ်ချစ်ဦးကိုပြန်သတိရစေတဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကိုဆုံတွေ့ ပတ်သက်မိလာတဲ့နောက်မှာတော့..သူဟာမရုန်းနိုင်စရာဇာတ်ရှုပ်ထဲကို တိုးဝင်မိပါတော့တယ်။၈၀ ဝန်းကျင်မှာ အင်မတန်အားကောင်းခဲ့တဲ့ Pink Film လို့ခေါ်တဲ့ အဖော်အချွတ်အသားပေး Crime,Thiriller ကားကောင်းတစ်ကားပါ။ခေါင်းဆောင်မင်းသမီးရဲ့ဂန္ဓဝင်မမ အလှနဲ့တင်ကြည့်ရတာတန်သလိုဇာတ်လမ်းလေးလဲမဆိုးပါဘူး။အဖော်အချွတ်အသားပေးဆိုတဲ့အတိုင်း ၁၈ နှစ်အထက်ကားပါပဲ။