ကိုရီးယားအိမ်ထောင်ရေးဇာတ်ကားကောင်းတစ်ကားတင်ဆက်လိုက်ပါတယ်။ဆရာဝန်မလေးဆွန်ဂျူး ပိုက်ဆံချမ်းသားတဲ့သူဌေးတစ်ယောက်နဲ့လက်ဆက်လိုက်ပါတယ်။နှစ်ဦးသားကိုယ်ပိုင်ဆေးခန်းတစ်ခုဖွင့်ထားပြီးဒိုးတူဘောင်ဖက်အလုပ်လုပ်ရင်းအချိန်တွေကုန်ဆုံးစေခဲ့ပါတယ်။ဆရာဝန်မလေးကအနေအထိုင်သိမ်မွေ့လှပြီးယောကျာင်္းဖြစ်သူကအချိန်ပြည့်တဏှာရာဂမီးလောင်ကျွမ်းနေသူတစ်ယောက်ဖြစ်နေပါတယ်။ဆရာဝန်မလေးကအချစ်ကိုနူးညံ့သိမ်မွေ့စွာခံစားလိုစိတ်ရှိပြီးယောင်္ကျားဖြစ်သူကကိုယ့်ဆန္ဒကိုယ်သာအရေးပေးပြီးကြမ်းတမ်းစွာပဲအချစ်ကိုခံစားလာပါတယ်။သည်လိုနဲ့နှစ်ယောက်သားတစ်ယောက်နဲ့တစ်ယောက်အပေးအယူမမျှတော့ပဲတစ်ယောက်ကိုတစ်ယောက်စိတ်ကုန်လာပါတယ်။ယောင်္ကျားဖြစ်သူအတွက်တော့အကြောင်းပြချက်ကောင်းရသွားပြီးဆေးခန်းထဲက Reception ကပျိုချောလေးကိုငွေအမ်းပြီးစိတ်တိုင်းကျပျော်ပါးပါတော့တယ်။ဆရာမဆွန်ဂျူးကတော့ အိန္ဒြေကြီးတဲ့အမျိုးသမီးပီပီအိမ်ထောင်ရေးကိုတက်နိုင်သလောက်ထိန်းသိမ်းနေခဲ့ပါတယ်။တစ်နေ့မှာတော့ ဆွန်ဂျူးတစ်ယောက်အလုပ်ကိုလာရင်းလမ်းမှာလူရမ်းကားတစ်ယောက်နဲ့တွေ့ပြီးအခက်တွေ့နေချိန်မှာသူမနဲ့မရင်းနှီးတဲ့သူတစ်ယောက်ရုတ်ချည်းဆိုသလိုပေါ်လာပြီးဝင်ဖြေရှင်းသွားပါတယ်။ဒါပေမဲ့ဆွန်ဂျူးတစ်ယောက်အတွက်တော့အမှတ်တမဲ့မှအမှတ်တရတစ်ခုရရှိသွားပြီးနှလုံးသားမှာဝေဒနာတစ်ခုကိန်းအောင်းသွားပါတယ်။ဒုတိယအကြိမ် တတိယအကြိမ်တွေ့ဆုံမှုမှာတော့သူတို့ရင်းနှီးသွားကြပြီးဂင်ယောင်ဂျွန်းရဲ့အယုအယတွေဂရုစိုက်မှုတွေမှာသာယာသွားမိပါတော့တယ်ဆွန်ဂျူးတစ်ယောက်သူ့ယောင်္ကျားဆီမှမရတဲ့ကြင်နာမှုတွေကိုတစ်ခြားသူဆီကရတော့ဘယ်လိုတုံ့ပြန်မလဲ။