ငွေကြေးမပြေလည်ပဲကျောင်းတက်နေရတဲ့ကောင်လေးတစ်ယောက်သူ့အခက်အခဲတွေကိုကူညီမယ့်သူမရှိတဲ့အခြေအနေအချိုးအစားရုပ်ဆင်းကလဲမိန်းကလေးတွေကိုဆွဲဆောင်နိုင်တဲ့သူလည်းဖြစ်ပြန်တော့သူ့ရဲ့ငွေရှာတဲ့နည်းလမ်းကယောက်ကျားပြည့်တန်ဆာပါ။မာယာနတ္ထိနဲ့မိန်းသားအချို့အကြောင်းကိုခပ်လှလှလေးရိုက်ပြထားတာပါ။အချို့သောအမျိုးသမီးတွေဟာလိင်မှုကိစ္စများနဲ့အခြားမွန်းကြပ်နေသောကိစ္စများကိုဖြေဖျောက်ရန်အခကြေးငွေပေးကာတိတ်တဆိတ်ခေါ်ယူရနိုင်သည့်ကောင်လေးများနှင့်အကြောင်းကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။ဒီကားကိုကြည့်ခြင်းအားဖြင့်အမျိုးသမီးတွေရဲ့ကွယ်ဝှက်ထားသောအလွှာများကိုမြင်တွေ့နိုင်သည်။ပြီးတော့ဇာတ်အိမ်ကောင်းကောင်းလေးနဲ့ခမ်းခမ်းနားနားလှလှပပလေးကိုရိုက်ပြထားတာနောက်ခံသီးချင်းသံကအစLightingအဆုံးလူတွေကိုစနစ်တကျလေးရွေးချယ်ထားတာရောတော်တော်ကိုကောင်းပါတယ်။