Aroused by Gymnopedies

အချစ်အကြောင်းဒသနတွေအပြည့်နဲ့ပိုက်ဆံမရှိတဲ့ဒါရိုက်တာကြီးဖူကာဒါရိုက်တာကြီးဟာအချစ်ရဲ့အဓိပ္ပာယ်အချစ်ရဲ့အနှစ်သာရအချစ်ရဲ့သဘာဝအစစ်အမှန်တွေကိုထူးခြားတဲ့အတွေးအမြင်တွေနဲ့အဓိပ္ပာယ်ဖွင့်ဆိုတတ်သူပါ။အဲ့ဒါကြောင့်ပဲလားတော့မသိအချစ်ငတ်သူတွေသူ့နားမှာဝိုင်းဝိုင်းလည်နေတယ်။ဒါရိုက်တာကြီးရဲ့အချစ်ကိုငတ်မွတ်နေတဲ့မိန်းကလေးတွေကတော့အိမ်ဘေးကကောင်မလေး/တက်သစ်စရုပ်ရှင်မင်းသမီးလေးအန်ရီ/ချမ်းသာတဲ့တပည့်ကျောင်းသူမလေးယူကာ/လုပ်ဖော်ကိုင်ဖက်ငယ်သူငယ်ချင်း/ခင်ပွန်းဟောင်းငွေလိုတဲ့အတွက်ခန္ဓာကိုယ်ကိုပါစတေးရဲတဲ့ဒါရိုက်တာကြီးရဲ့ဇနီးဟောင်းလေးရင်ကို/ဆေးရုံတက်နေရတဲ့ဒါရိုက်တာကြီးရဲ့ဇနီးကို ပြုစုစောင့်ရှောက်ပေးနေတဲ့သူနာပြုဆရာမလေးတို့ပဲဖြစ်ပါတယ်။ဒါရိုက်တာကြီးဟာဆင်းရဲပါတယ်။ဆင်းရဲရတာကလည်းပိုက်ဆံမမက်လို့ပါ။ဘတ်ဂျက်နည်းပေမယ့်စိတ်ဓာတ်မြင့်မြတ်ရင်ရုပ်ရှင်ကောင်းတွေထွက်တယ်ဆိုတဲ့သူ့ရဲ့ဆောင်ပုဒ်ကြောင့်လဲဆင်းရဲနေတာဖြစ်မှာပါ။လူဆင်းရဲပေမယ့်အချစ်တော့မဆင်းရဲပါဘူး။အတ္တမပါပဲပေးဆပ်တဲ့အချစ်ပဲဆိုပြီးတော့လည်းသူ့ကိုယ်သူအဓိပ္ပာယ်ဖွင့်ဆိုလိုက်ပါသေးတယ်။ဒါရိုက်တာကြီးကို အားကျတယ်ဆိုရင်တော့အရင်ဆုံးရုပ်ရှင်လေးကိုကြည့်လိုက်ပါဦး။