ဇာတ်လမ်းလေးကတော့မမနဲ့မောင်လေးဇာတ်လမ်းဖြစ်ပါတယ်။Yihe-kun ဟာ Kyoto မြို့မှာကျောင်းတက်နေတဲ့နောက်ဆုံးနှစ်ကျောင်းသားလေးဖြစ်ပါတယ်။သူ့အမေနောက်အိမ်ထောင်ပြုမှာဖြစ်တဲ့အတွက်နယ်မြို့လေးကိုပြန်ရောက်လာရာမှာသူ့ကိုငယ်ငယ်ကတည်းကထိန်းကျောင်းခဲ့တဲ့အမေ့ရဲ့သူငယ်ချင်းဖြစ်သူအစ်မ Ma Fei နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။သူ့အိမ်မှာ သူ့အိပ်ခန်းလေးကိုစတိုခန်းအဖြစ်ထားထားတာကြောင့်အိပ်စရာမရှိဖြစ်နေတဲ့အတွက်အစ်မ Ma Fei ကအိမ်မှာအိပ်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။သူမခင်ပွန်းနဲ့အတူ Osaka မြို့ကိုပြောင်းရွှေ့ရတော့မှာဖြစ်တဲ့အတွက်နယ်မြို့လေးကိုမခွဲနိုင်မခွာရက်ဖြစ်နေတဲ့အစ်မ Ma Fei ကညဘက်အိပ်မပျော်နိုင်ဘဲသူ့ကိုအတူတူအရက်သောက်ဖို့ဖိတ်ခေါ်ခဲ့ရာမှာ မျက်ရည်ကျနေတဲ့အစ်မကြီးကိုသူဘယ်လိုနှစ်သိမ့်ပေးမလဲဆိုတာကိုရှု့စားကြရမှာပါ။