Happy End (1999)


ဇာတ်လမ်းတွေထဲမှာ ချစ်သူနှစ်ဦး အိမ်ထောင်ပြုရင်း ဇာတ်သိမ်းလေသတည်းပါပဲ။တကယ့်လက်တွေ့ဘဝမှာတော့အချစ်စစ်တိုင်းက တစ်ခါတစ်လေမှာ ဆုံဆည်းချင်မှ ဆုံဆည်းရတတ်ပါတယ်။ချစ်ရတဲ့သူ နဲ့ လက်ထပ်တဲ့သူ မတူတဲ့ အနေအထားတွေလည်း ဖြစ်တတ်ပါတယ်။အချစ်က အချစ် ဖြစ်ပြီးတော့ …..အိမ်ထောင်ရေးက အိမ်ထောင်ရေး ဖြစ်လာခဲ့တဲ့အခါ ……အချစ် နဲ့ အိမ်ထောင်ရေး က သဟဇာတ မဖြစ်တဲ့အခါ …..ဘဝမှာ ဆန္ဒကို ရှေ့တန်းတင်ပြီး ဆန္ဒနောက်ကို ဘဝက လိုက်မိတဲ့အခါမှာ …..ပျော်ရွှင်ဖွယ်ရာ အဆုံးသတ်တွေ ဖြစ်လာနိုင်ပါ့မလား?????ချစ်ဦးသူနဲ့ ပြန်လည်ပေါင်းဖက်ခြင်းက ချစ်သူနှစ်ယောက်အတွက် အမှန်တရား ဆိုသော်ငြား အိမ်ထောင်သည် တစ်ယောက်အတွက်တော့ အမှန်တရား မဖြစ်နိုင်တော့ပါဘူး။ချစ်သူ နဲ့ အိမ်ထောင်သည်ဘဝရဲ့ ခြားသွားတဲ့စည်းတစ်ကြောင်းက ပါးပါးလေးပါပဲ။တစ်ခါတစ်လေမှာ အဲဒီ ပါးပါးလေးကပဲ လူကို အတိဒုက္ခ ဖြစ်စေနိုင်ပါတယ်။အချစ် နဲ့ အိမ်ထောင်ရေး အကြောင်းကို ထဲထဲဝင်ဝင် နားလည်နိုင်ဖို့ကားဟောင်းထဲက ကားကောင်းတစ်ကားကို ရွေးထုတ်ပြီးတော့ တင်ဆက်ပေးလိုက်ပါတယ်။၁၈ ယောက်စုပြီး အမှောင်ခန်းမှာ ကြည့်မှရမယ့်အခန်းတွေ ပါတာကိုတော့ သတိပေးလိုက်ပါရစေ။ကိုရီးယားကား ဆိုပြီးတော့ အသံအကျယ်ကြီး ဖွင့်မကြည့်မိစေဖို့လည်း သတိပေးလိုက်ပါရစေ။Frozen Flower ထဲက မင်းကြီးအဖြစ် သရုပ်ဆောင်တဲ့ Joo Jin Mo နုစဉ်အခါက ရိုက်ကူးခဲ့တဲ့ ဇာတ်ကားပါ။မင်းသမီးကြီးကတော့ The Housemaid, Untold Scandal လိုမျိုးကားတွေမှာ ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင်ထားတဲ့ မင်းသမီးကြီး Jeon Do Yeon ပဲ ဖြစ်ပါတယ်။ (သိုင်းလောကသားမှန်ရင်တော့ အဲဒီကားတွေ သိကြပါလိမ့်မယ်)